တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော Hardware ပိုင်းများတွင် သင့်တင့်ကောင်းမွန်သော ဖုန်းအမျိုးအစား ဖြစ်သည်။ ပုံစံဒီဇိုင်း လှပ သေသပ်ပေါ့ပါးသည့်အပြင် မြင်ကွင်းပိုင်း၊ Sensor စနစ်ပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်ပြီး ပြည်တွင်းအသုံးပြု မြန်မာစာစနစ်များ တစ်ပါတည်း ပါဝင်လာမည်ဖြစ်သည်။
အားနည်းချက်
ဂရပ်ဖစ် GPU သီးသန့်မပါဝင်ဘဲ ဖုန်းတွင်နဂို ပါဝင်လာသော Built in Graphic ကိုသာ အသုံးပြုရမည် ဖြစ်သောကြောင့် ဂိမ်းကစားခြင်းနှင့် ဂရပ်ဖစ်အသုံးပြု စနစ်ပိုင်းများတွင် အနည်းငယ် အားနည်းမည်ဖြစ်သည်။
မြင်ကွင်း
ရှေ့မျက်နှာပြင်မှာ HD AMOLED Screen ဖြစ်ပြီး 1280 x 720 pixels (~294 ppi pixel density) ထိရရှိနိုင်မည် ဖြစ်သည်။
ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ ထောင့်ကျသော ပုံစံမျိုးဖြစ်ပြီး ပါးလွှာပေါ့ပါးသောပုံစံမျိုး တည်ဆောက်ထားသည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး နောက်ဘက်ကာဗာမှာ အနားလေးဘက် အနည်းငယ် လုံးဝန်းထားသော ပလတ်စတစ် ကာဗာအမျိုးအစား ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၁၉ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၆.၈၁ စင်တီမီတာ ရှိမည်ဖြစ်သည်။ ထုထည်မှာ ၀.၅၁ စင်တီမီတာ ဖြစ်သောကြောင့် ပါးလွှာသော ဖုန်းအမျိုးအစားဖြစ်ပြီး အလေးချိန်မှာလည်း ၉၈ ဂရမ်ဖြစ်သောကြောင့် ပါးလွှာသည့်အပြင် ပေါ့ပါးသော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ ဖုန်းကိုယ်ထည် ဘေးဘောင်တွင် Sony ဖုန်းများကဲ့သို့ ကင်မရာခလုတ်တစ်ခု သီးသန့်ထပ်မံ ပါဝင်မည်ဖြစ်သည်။
နည်းပညာ
နည်းပညာပိုင်းတွင် ဖုန်း၏ Sensor အသုံးပြု စနစ်ပိုင်းများတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားသော ဖုန်းဖြစ်သည်။ ဖုန်း Screen ဖွင့်ပိတ်ပြုလုပ်ခြင်းအား DoubleTap စနစ်ဖြင့် အသုံးပြုနိုင်သော Smart Gesture စနစ်ပါဝင်လာသည့်အပြင် Screen ပိတ်ထားချိန်တွင် Screen ပေါ်တွင် သတ်မှတ်ထားသော သင်္ကေတများအား ရေးဆွဲကာ လိုအပ်သော စနစ်များအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သော Smart Awake အစရှိသော စနစ်များပါဝင်လာမည် ဖြစ်သည်။ ကင်မရာပိုင်းတွင် ပုံမှန်ကင်မရာ စနစ်အပြင် Effect များ ထည့်သွင်းရိုက်ကူးနိုင်သော Magic Camera စနစ်ကိုလည်း ထိတွေ့နိုင်မည် ဖြစ်သည်။ ရှေ့ကင်မရာ တွင် Flash မီး ပါဝင်လာခြင်းကြောင့် Selfie သမားများအတွက် အလင်းအားနည်းသော နေရာများ တွင်လည်း ဓာတ်ပုံကောင်းမွန်စွာ ရိုက်ကူးနိုင်မည် ဖြစ်သည်။ အွန်လိုင်းအသုံးပြု စနစ်များ ပြည့်ပြည့်စုံစုံ ပါဝင်မည်ဖြစ်သည့်အပြင် ပြည်တွင်းအသုံးပြု မြန်မာစာစနစ် များအတွက်လည်း အဆင်ပြေပြေ အသုံးပြုနိုင်သော ဖုန်းဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Micro Sim Card နှစ်ကတ်တစ်ပြိုင်တည်း အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်သည်။ 1.2GHz Quad core CPU ကိုအသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက် သီးသန့် GPU ကိုထည့်သွင်း အသုံးပြုထားခြင်း မတွေ့ရသော်လည်း ဖုန်းတွင်နဂို ပါဝင်သော Built in Graphic စနစ်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ Chipset မှာ MSMS8916 Chipset တို့ကို အသုံးပြုထားသည်။ Internal Memory 8GB နှင့် RAM 1GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 32 GB ထိထပ်တိုး အသုံးပြုနိုင်သည်။ 8 Mega Pixel နောက်ဘက်ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်မည်ဖြစ်သည်။ Android OS Version 5.0 ကို အသုံးပြုထားပြီး ဘက်ထရီမှာ Li-Ion 2000 mAh ဘက်ထရီဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက O31 သည် ကိုင်တွယ်အသုံးပြုရာတွင် အလေးချိန် ပေါ့ပါးခြင်းနှင့် ပါးလွှာခြင်းမှာ စိတ်ကျေနပ်စရာဖြစ်ပြီး ဈေးနှုန်းနှင့် အသုံးပြုနိုင်ခြင်း စနစ်များအား နှိုင်းယှဉ်ကြည့်မည်ဆိုပါက သုံးပျော်သော ဖုန်းအမျိုးအစား ဖြစ်သည်။ ဖုန်းတွင်ပါဝင်သော Sensor ပိုင်းများစုံလင်ပြီး ကင်မရာအသုံးပြု စနစ်များနှင့် ဓာတ်ပုံ Effect တို့တွင်လည်း စုံစုံလင်လင် အသုံးပြုနိုင်သော ဖုန်းဖြစ်သည်။ Setting မြင်ကွင်းပိုင်း ရိုးရှင်းပြီး ဂရပ်ဖစ်ပိုင်းအတွက် GPU သီးသန့်မပါဝင်သောကြောင့် ဂရပ်ဖစ်အသုံးပြု ဂိမ်းများကစားရာတွင် မြင်ကွင်းအနည်းငယ် အပြောင်း အလဲ ဖြစ်နိုင်မည်ဖြစ်သည်။
မိတ်တွေ တို့ နှစ်သက်ပါက ( KENBO Fly O31 ကို (၁၇၉၀၀၀ကျပ်) ဖြင့် ဖြင့် မှာယူနိုင်ပါပြီ...
ဆက်သွယ် ရန် ကိုအောင်ချင်း 09788749277 သို့ ဆက်သွယ်မှာယူနိုင်ပါပြီ..။
No comments:
Post a Comment